ပုံစံခွက်ထဲက စိတ်ကူး..
ကဗျာတစ်ပုဒ်လောက် အသုံးမ၀င်ဖူးတဲ့
ဟန်ဆောင် အပြုံးတုတွေ
အဆုပ်လိုက်အဆုပ်လိုက် ဖူးပွင့်ကြ
ရယ်သလိုလိုနဲ့ သွားဖြဲ မပြတတ်ခဲ့ဖူး
သကာလောင်းတဲ့ တစ်ခွန်းစ နှစ်ခွန်းစ
နားဝမှာ ခြင်လာပျံနေသလိုမျိုး
ခြွင်းချက်များနဲ့ ရိုးသာမှုတွေကြား
လူ့ယဉ်ကျေးမှုတွေ စာလုံးပေါင်းမှားနေတဲ့
ငါကပဲ အမြဲလွန်တယ်
လူမှန်သမျှ လူနဲ့တူအောင်
အတင်းအဓမ္မ လူယောင်ဆောင်ပြ
သဘောထားကြီးပြနေချိန်မှာ
ငါ.....
အစွယ်နှစ်ချောင်းကြားက အသားစကို
လျှာဖျားနဲ့ ကလော်ရင်း
အစွမ်းကုန် ရိုးသားပြလိုက်တယ်...
Sunday, February 21, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment